welcome from johnoopower. blogspot.com....welcome from Thein Zaw Oo blogspot.com....welcome from Thein Zaw Oo blogspot.com....မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျနော် လေ့လာ မှတ်သား ထားသော နည်းပညာ အကြောင်း တွေ၊ကျနော် စုစည်း ထားတဲ့ ကိုယ် ပိုင် မှတ်စုလေး တခု သာ ဖြစ်ပါတယ်။ လာလည် သူ မိတ်ဆွေ များ ကိုယ် စိတ်နှလုံး ရွှင် လန်းကြ ပါစေ ဗျာ........လာလည်သူ မိတ်တွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
welcome from johnoopower.blogspot.com
  • ပင်မစာမျက်နှာ
  • ဘာသာရေး
  • နည်းပညာ
  • တိုင်းရင်းဆေး
  • ကဗျာ
  • ဗိုင်းရပ်စ်
  • မပြောသင့်တဲ့စကား
  • Friday, 25 November 2011

    လေဖြတ်သလား လက်ပံခါး

    လေဖြတ်ခဲ့သော်---
    လက်ပံခါး လက်ကောက်ဝတ်ခန့် အတုံးများကို အရှည် ၅-လက်မခန့် ဖြတ်ပြီး ထန်းချက် အခဲ ၂၀-ထည့်ပြီး ရေချိုးခွက်နဲ့ ရေ ၃-ခွက် ထည့်၍ တခွက်ကျန်အောင် ကျိုချက်ပါ။
    ပြီးလျှင် ပျားရည်ရှိလျှင် ပျားရည်နဲ့ နံနက်တကြိမ်၊ ညတကြိမ် အကြမ်းပန်းကန် တလုံးကျ သောက်ပါ။
    ပျားရည်မရှိလျှင် ဒီအတိုင်း သောက်ပါ။ 
    လက်ပံခါးပြုတ်ရည် နံနက်-ည သောက်၍ ၂-ရက်ပြည့်သောအခါ ဝမ်းပျော့ပျော့ တနေ့ ၃-ကြိမ် တခါတရံ ၄-ကြိမ် သွားပါမည်၊ စိုးရိမ်စရာ မရှိပါ၊ မှန်မှန်ဆက်သောက်ပါ။

    လက်ပံခါး အကိုင်းအခက်များကို ဓားဖြင့် နုပ်နုပ်စဉ်း၍ အခြောက်လှန်း၊ သံဆုံဖြင့် အမှုန့်ထောင်း၍ ဆန်ခါချထားပါ။ ပြီး လက်ပံခါးအမှုန့် အကြမ်းပန်းကန် တလုံးနှင့် ပျားရည် အကြမ်းပန်းကန် ၃-လုံး ရောစပ်၍ တေပြီး အဝကျယ်သော ဖန်ပုလင်းတွင်ထည့်၍ လေလုံအောင် ပိတ်ထားပြီး  တပတ်ပြည့်သောအခါ ဆေးမှာ ပွ၍ ပွားလာပြီး ပျစ်နေပါမည်။ 
    ထိုအခါ ပျားရည် တပန်းကန် ထပ်မံရော၍ သမအောင် မွှေပေးပြီး လက်ဖက်စားဇွန်းဖြင့် နံနက်-ည တနေ့ ၂-ကြိမ်ကျ မှန်မှန်သောက်ပါ။ 


    ဦးကျော်ဒင်

    မော်လူး
    (ကောက်နှုတ်ဖော်ပြသည်)

    No comments:

    Post a Comment

    ဝေဖန်မူလေးတော့ ရေးခဲ့ကြပါ ဗျာ............