welcome from johnoopower. blogspot.com....welcome from Thein Zaw Oo blogspot.com....welcome from Thein Zaw Oo blogspot.com....မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျနော် လေ့လာ မှတ်သား ထားသော နည်းပညာ အကြောင်း တွေ၊ကျနော် စုစည်း ထားတဲ့ ကိုယ် ပိုင် မှတ်စုလေး တခု သာ ဖြစ်ပါတယ်။ လာလည် သူ မိတ်ဆွေ များ ကိုယ် စိတ်နှလုံး ရွှင် လန်းကြ ပါစေ ဗျာ........လာလည်သူ မိတ်တွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
welcome from johnoopower.blogspot.com
  • ပင်မစာမျက်နှာ
  • ဘာသာရေး
  • နည်းပညာ
  • တိုင်းရင်းဆေး
  • ကဗျာ
  • ဗိုင်းရပ်စ်
  • မပြောသင့်တဲ့စကား
  • Friday, 25 November 2011

    မီးယပ်သွေးသွန် သွေးလွန်နာ ကုထုံး

    ဟိုပင်မြို့ တိုင်းရင်းဆေးခန်းမှူး ဒေါ်ခင်ဝိုင်းရည်-(တဆ-၀၉၁၆) ပြောပြသည့် 
    မီးယပ်သွေးသွန် သွေးလွန်နာ ကုထုံး

    အမျိုးသမီးတွေဟာ များသောအားဖြင့် ခန္ဓာကိုယ် ဖွံ့ဖြိုးပြီး သွေးသားကောင်းမယ်ဆိုရင် အသက် ၁၂-နှစ်လောက်ကစပြီး မီးယပ်သွေး စ,ပေါ်လေ့ရှိပါတယ်။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုလဲ နည်းမယ်၊ သွေးအားနည်းပြီး ပိန်ပါးကြုံလှီသူ ဖြစ်ရင်တော့ (၁၄)နှစ်၊ (၁၅)နှစ်လောက်ကျမှပဲ စပြီး သွေးပေါ်တတ်ပါတယ်။

    အသက် ၄၅-ကနေ အသက် ၅၅-နှစ်အတွင်းမှာ သွေး လစဉ်ပေါ်မှု ရပ်တန့်ပြီး သွေးဆုံးလေ့ရှိပါတယ်။ ကိုယ်ဝန်မဆောင်ရတဲ့ အမျိုးသမီးတွေမှာ သွေးဆုံးတာ စောတတ်ပါတယ်။ ကိုယ်ဝန်နှုတ်ငုံ ဆောင်လွယ် ထားချိန်နဲ့ ကလေးငယ်တဲ့အချိန်ကလွဲပြီး လစဉ်မှန်မှန်ပေါ်တဲ့ သွေးဟာ သုံးရက်ကနေ ငါးရက်အထိ ကြာနိုင်ပါ တယ်။ တချို့ကျတော့ ခုနစ်ရက်လောက်အထိ ကြာတာလဲ ရှိပါတယ်။ တလတကြိမ် သွေးပေါ်တယ်ဆိုပေမယ့်
    နှစ်ဆယ့်ရှစ်ရက် ပတ်ဝန်းကျင်လောက်မှာ
     တကြိမ် ပေါ်တတ်ပါတယ်။


    သွေးသွန် သွေးလွန်ခြင်း---
    အမျိုးသမီးတွေ သွေးပေါ်ရက်မှာ ထဘီတထည်ပြီး တထည် လဲနေရလောက်အောင် ရေသွန်သလို တရစပ် သွေးဆင်းတာမျိုး၊ အမှတ်မထင် ကြောက်စရာ ကောင်းလောက်အောင် အမြောက်အမြား ကျဆင်းတာမျိုး။ တချို့ကျတော့လဲ သွေးဆင်းရမယ့် ကြာရှည်ရမယ့်ရက်ထက် ကျော်လွန်ပြီး ရပ်သင့်တဲ့ အချိန်မှာ မရပ်ဘူး၊ ဆယ်ရက်၊ ဆယ့်ငါးရက်၊ တလလောက် အထိ နေ့စဉ် သွေးဆင်းနေတာမျိုး၊ ဒီလို အဖြစ်မျိုးတွေကို သွေးသွန်နာ၊ သွေးလွန်နာ လို့ ခေါ်ပါတယ်။


    အကြောင်းရင်း---
    ဒီလိုဆင်းရမယ့် အတိုင်းအတာ၊ ဆင်းရမယ့် ရက်ထက် ပိုလွန်ပြီး သွေးဆင်းရတဲ့ အကြောင်းတွေက-
    ၁။ အနေအထိုင် မဆင်ခြင်ခြင်း
    ၂။ ဝမ်းဗိုက်ကို တစုံတရာနဲ့ ထိခိုက်မိခြင်း
    ၃။ သွေးဆင်းစေတတ်တဲ့ ဆေးဝါး၊ အစားအစာတွေ လွန်ကဲစွာ စားမိခြင်း
    ၄။ ယခင်လက ကျန်ခဲ့တဲ့ မပေါ်ခဲ့တဲ့ သွေးတွေ အောင်းနေ ကျန်နေပြီး သွေးဟောင်းများ ရောနှော ကျဆင်းခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။


    ဆေးချက်---
    ဒီလို သွေးလွန်နေမယ်ဆိုရင်-
    ၁။ ကန်စွန်းရွက် တဆယ်ကျပ်သားကို ရေ-နှစ်ဆယ့်ငါးကျပ်သားနဲ့ ပြုတ်၊ ရေ သုံးပုံတပုံ ကျန်တဲ့အခါ သကြားချိုချို ရောပြီး သောက်ပါ။
    * ဒီရက်တွေမှာ ကန်စွန်းရွက်ကို နိုင်သလောက် စားပေးပါ။ ကြော်စား၊ သုပ်စား၊ တို့စားပေးပါ။
    * ဆီးဖြူသီးအစို ဖြစ်စေ၊ အခြောက်ဖြစ်စေ များများစားပေးပါ။
    ဆီးဖြူသီးသနပ် လုပ်စားပါ၊ သား-ငါး တမျိုးမျိုးနှင့် ရောချက်စားပေးပါ။
    ငါးနဲ့ ရောချက်မယ်ဆိုရင် ငါးမြွေထိုး ဖြစ်စေ၊ ငါးရှည့်ဖြစ်စေ ဆီးဖြူသီးနဲ့ ချက်ပြီး စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။


    ၂။ ဆီးဖြူသီးအရည် တဆ၊ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၁၆) အပူငြိမ်းသွေးဆေး နှစ်ဆရောပြီး အကြမ်း(ရေနွေးကြမ်း) ပန်းကန် တလုံးလောက် တနေ့ သုံးကြိမ် သောက်ပါ။
    သကြားနည်းနည်း ရောပေးနိုင်ရင် ကောင်းပါတယ်။ ဆီးဖြူသီးစိမ်း မရရင် ဆီးဖြူသီးခြောက်အမှုန့် သုံးပုံတပုံ ရောစပ် သောက်နိုင်ပါတယ်။
    (ဒါမှမဟုတ်) ဆီးဖြူသီးအရည်အစား မုရားကြီးရွက် ပြုတ်ရည်ကို အစားထိုး သုံးနိုင်ပါတယ်။


    ရှောင်ရန် အစာ---
    * ပူစပ်သော ဆေးဝါး၊ အစာများ ရှောင်ပါ.
    * သွေးသက်စေတတ်တဲ့ ဆေးဝါး၊ အစာ ရှောင်ပါ။
    (ကျန်းမာရေး ဝန်ထမ်းများနဲ့ တိုင်ပင်ရပါမယ်)
    * လှုပ်ရှားသွားလာခြင်း၊ ကုန်းခြင်း၊ ကွခြင်း၊ ကိုယ်ဟန် အနေအထားများ ရှောင်ပါ။


    လိုက်နာရန်---
    * အိပ်ရာထက်တွင် ငြိမ်သက်စွာ နားနေပါ။
    * ကန်စွန်းဥ သရေစာ စားပါ။


    သွေးတန့်စေသည့် ကန်စွန်းဥ---
    ကန်စွန်းဥ ၂၅-ကျပ်သား
    ထောပတ် ၁၀-ကျပ်သား
    သကြား ၅-ကျပ်သား 
    ကန်စွန်းဥကို ပြုတ်ပြီး အခွံနွှာ၊ ထောင်းပါ၊ ထောပတ်ကို ကျက်အောင် ချက်ပြီး သကြား၊ ကန်စွန်းဥထောင်းများ ထည့်မွှေလျှင် ကန်စွန်းဥယို ရပါတယ်။
    သွေးဆင်းတာ ရပ်ဖို့အတွက် ကန်စွန်းဥယို ဟင်းသောက်ဇွန်း တဇွန်းနှုန်း၊ နံနက်-ည နှစ်ကြိမ် လျက်ပေး-စားပေးရင် ဓမ္မတာ သွေးလွန်တာ ကောင်းသွားမှာပါ။


    ရှမ်းပြည်နယ်ဘက်မှာ မဲဒီးဒုတ်ပင်တွေ ရှိတတ်တယ်။ အဲဒီအရွက် ကျကျပြုတ်ပြီး
    သောက်ပေးရင်လဲ သွေးရပ်ပါတယ်။


    သွေးထိန်းဆေး သီးသန့်ဖော်စားချင်ရင်တော့-
    ၁။ ကံ့ကော်ဝတ်ဆံ
    ၂။ ကြာဝတ်ဆံ
    ၃။ ထိမ်ပွင့်
    ပေါင်း သုံးမျိုး ဆတူအမှုန့်ပြု ရောစပ်ပါ။ သွေးဆင်းများနေရင် ဟင်းသောက်ဇွန်း တဇွန်းစာလောက် သကြား ဆတူ ရောသောက်ပါ။ တနေ့ နှစ်ကြိမ် သောက်ပါ။ မုရားကြီးရွက်ပြုတ်ရည်နဲ့ သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ 
    သကြား မထည့်ချင်ဘူးဆိုရင် သကြားအစား ပျားရည် ကော်ဖီဇွန်း နှစ်ဇွန်းလောက် ရောနိုင်ပါတယ်။
    ဖော်ပြခဲ့တဲ့ သွေးထိန်းဆေးအတွက် ဆေးအမည် ရှာရခက်ရင် ဟောဒီသွေးထိန်းဆေးကိုလဲ ခုနက အညွှန်းအတိုင်း ဖော်သောက်လို့ ရပါတယ်။


    ၁။ မုရားကြီးရွက်နု အခြောက် ၅-ကျပ်သား
    ၂။ နွယ်ချို ၅-ကျပ်သား
    ၃။ ဒန္တကူးနီ ၅-ကျပ်သား
    ၄။ ဆီးဖြူသီးခြောက် ၅-ကျပ်သား
    ၅။ ဖန်ခါးသီးခြောက် ၅-ကျပ်သား
    ၆။ သစ်ဆိမ့်သီးခွံ ၅-ကျပ်သား
    ၇။ ဆားလှော် ၃-ကျပ်သား
    ရေနွေးနဲ့ သောက်ပါ။ သူ့ကျတော့ တနေ့ သုံးကြိမ်လောက် သောက်သင့်ပါတယ်။ အမျိုးသမီးများ သွေးသွန်ခြင်း၊ လွန်ခြင်းဒဏ်မှ လွတ်မြောက်နိုင်ကြပါစေ။


    ခွန်စိုင်းဝမ်း

    No comments:

    Post a Comment

    ဝေဖန်မူလေးတော့ ရေးခဲ့ကြပါ ဗျာ............