welcome from johnoopower. blogspot.com....welcome from Thein Zaw Oo blogspot.com....welcome from Thein Zaw Oo blogspot.com....မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျနော် လေ့လာ မှတ်သား ထားသော နည်းပညာ အကြောင်း တွေ၊ကျနော် စုစည်း ထားတဲ့ ကိုယ် ပိုင် မှတ်စုလေး တခု သာ ဖြစ်ပါတယ်။ လာလည် သူ မိတ်ဆွေ များ ကိုယ် စိတ်နှလုံး ရွှင် လန်းကြ ပါစေ ဗျာ........လာလည်သူ မိတ်တွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
welcome from johnoopower.blogspot.com
  • ပင်မစာမျက်နှာ
  • ဘာသာရေး
  • နည်းပညာ
  • တိုင်းရင်းဆေး
  • ကဗျာ
  • ဗိုင်းရပ်စ်
  • မပြောသင့်တဲ့စကား
  • Friday, 25 November 2011

    ဤဆေးကိုသာ မှန်မှန်စား ယောက်ျားတို့အတွက်-အား

    ယောက်ျားများ ပန်းညှိုး၍ စိတ်မလန်းဖြစ်လာပါက စားသုံးရန်နည်းလမ်း ဖြစ်ပါသည်။ ဤနည်းလမ်းဖြင့် ပန်းသေသူများကို အာမခံချက် မပေးနိုင်သော်လည်း စိတ်ရှိသော်လည်း ပန်းမလန်းသူများ ညှိုသူများအတွက် ကောင်းပါသည်။

    နည်းမှာ---
    မဉ္ဇူသကပန်းပွင့် ရသလောက်ကို သန့်စင်အောင် ရေဖြင့် ဆေးကြောပြီး ပျားရည်စစ်စစ်တွင် မြှုပ်နေအောင် စိမ်ပေးထားပါ။
    အနည်းဆုံး (၁)ပတ်ခန့် စိမ်ပြီးသည်နှင့် နံနက်(၁)ကြိမ်၊ ည(၁)ကြိမ်
    (၁)ကြိမ်စား (၃-၄)ပွင့် စားပါ။ ၁-ပတ်ခန့် ဆက်စားပါ။ နောက်ပိုင်းတွင် ညတိုင်း စားပေးပါ။ ပုံမှန်စားပေးခြင်းဖြင့် ညှိုးနေသူများ လန်းလာပါလိမ့်မည်။

    ဆက်လက်၍ အကြံပြုလိုသည်မှာ ဤဆေးကို စားနေစဉ် အောက်ပါနည်းလမ်းကိုလည်း ပုံမှန်လုပ်ဆောင်သွားပါ။ အကျိုးများလာပါလိမ့်မည်။
    ၁။ လေကောင်းလေသန့် ရနိုင်သောနေရာကို ရွေးချယ်ပါ။
    ၂။ လေကောင်းလေသန့် တိုက်ခတ်ရာဘက်သို့ မျက်နှာမူပါ။
    ၃။ ဖြောင့်မတ်စွာ ထိုင်ပါ။
    ၄။ နှုတ်ခမ်းကို လေချွန်သည့်အခါ စူထားရပုံမျိုး စူထားပါ။
    ၅။ စူထားသောနှုတ်းခမ်းမှ ဝင်သက်ကို ဖြည်းညင်းစွာ ရှူသွင်းပါ။
    ၆။ ထွက်သက်ကို ပါးစပ်ပေါက် ပိတ်ထားပြီး နှာခေါင်းပေါက်မှ ရှိုက်ထုတ်ရမည်။

    ဤကဲ့သို့ နည်းလမ်းဖြင့် တနေ့ ၂-ကြိမ်၊ တကြိမ်လျှင် ၁၀-မိနစ် လုပ်ဆောင်ပေးရမည်။ မှန်မှန်အားထုတ်ဖို့သာလိုသည်။ နုပျိုလန်းဆန်းလာလိမ့်မည်။ ညှိုးသူများ အားထုတ်အပြီးတွင် ညှိုးရာမှ လန်းလာနေပြီဟူသော စိတ်ကူးကို တနေ့ ၂-ကြိမ်မှ ၃-ကြိမ်အထိ စိတ်ကူးနေရမည်။

    ကျော်သစ်

    No comments:

    Post a Comment

    ဝေဖန်မူလေးတော့ ရေးခဲ့ကြပါ ဗျာ............