welcome from johnoopower. blogspot.com....welcome from Thein Zaw Oo blogspot.com....welcome from Thein Zaw Oo blogspot.com....မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျနော် လေ့လာ မှတ်သား ထားသော နည်းပညာ အကြောင်း တွေ၊ကျနော် စုစည်း ထားတဲ့ ကိုယ် ပိုင် မှတ်စုလေး တခု သာ ဖြစ်ပါတယ်။ လာလည် သူ မိတ်ဆွေ များ ကိုယ် စိတ်နှလုံး ရွှင် လန်းကြ ပါစေ ဗျာ........လာလည်သူ မိတ်တွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
welcome from johnoopower.blogspot.com
  • ပင်မစာမျက်နှာ
  • ဘာသာရေး
  • နည်းပညာ
  • တိုင်းရင်းဆေး
  • ကဗျာ
  • ဗိုင်းရပ်စ်
  • မပြောသင့်တဲ့စကား
  • Friday, 25 November 2011

    သက်ရှည် ကျန်းမာ-ပန်းတရာ, အသီးတရာ, အမြစ်တရာ

    အသက်ရှည် ကျန်းမာစေရန်အတွက် 
    ပန်းပေါင်းတရာ၊ အသီးပေါင်းတရာ၊ အမြစ်ပေါင်းတရာ ဖော်စပ် စားပါ။

    ပန်းပေါင်းတရာမှာ--ပျားရည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ပျားကောင်သည် ပန်းပေါင်းစုံ၏ ဝတ်ရည်ကို စုပ်ပြီး ပျားရည်ဖြစ်လာခြင်းကြောင့် ဖြစ်ပါသည်။

    အသီးပေါင်းတရာမှာ--မျောက်၏ အူ (သို့မဟုတ်) အစာအိမ် ဖြစ်ပါသည်။ 
    မျောက်တွင်လည်း မျောက်ညိုက ပို၍ ကောင်းသည်ဟု ဆိုသည်။
    မျောက်က အသီးပေါင်းများစွာ စားခြင်းကြောင့် ဖြစ်ပါသည်။

    အမြစ်ပေါင်းတရာမှာ--ဖြူကောင်၏ အစာအိမ် ဖြစ်ပါသည်။ 
    ဖြူသည်လည်း ဥ,အမြစ် ပေါင်းစုံကို စားခြင်းကြောင့် ဖြစ်သည်။

    ဆေးဖော်စပ်ပုံ---
    မျောက်ကောင်၏ အူနှင့် အစာအိမ်ကို အထဲမှ အညစ်အကြေးများ သန့်စင်အောင်ဆေးကြော၍ နေ (သို့) မီးဖြင့် အခြောက်လှန်း/ကင် ပေးရမည်။ 
    ထို့အတူ ဖြူကောင် အစာအိမ်ကိုလည်း အခြောက်လှန်းပေးရမည်။  အစာအိမ်အတွင်းရှိ အစာများ ဆေးကြော ပေးရန်မလိုပါ။ ဒီအတိုင်း အခြောက်ထားရန် ဖြစ်သည်။
    မျောက်နှင့်ဖြူ အစာအိမ်များ ခြောက်သွေ့လျှင် နုပ်နုပ်စဉ်း၍ အမှုန့်ပြုရမည်။ ရလာသည့် အမှုန့်များကို ပျားရည်ဖြင့် စိမ်၍ ထားရမည်။ အချို့က အမှုန့်ကို လက်သန်းခန့် အလုံးကလေးများ ပြုလုပ်ပြီး နေပူလှန်းသည်။

    မှီဝဲ အသုံးပြုပုံ---
    ပျားရည်စိမ်ထားသည့် ဆေးကို ည-နံနက် အိပ်ရာဝင်-အိပ်ရာထ လက်ဖက်ရည်ဇွန်းဖြင့် နှစ်ဇွန်းမှ သုံးဇွန်းစီ၊ အလုံးပြုထားသည့် ဆေးကို ည-နံနက် နှစ်လုံးမှ သုံးလုံးစီ စားသုံးပေးရမည်။

    အကျိုးအာနိသင်---
    အမူအမော် အကိုက်အခဲ ပျောက်သည်။ ချည့်နဲ့ ညှိုးနွမ်းမှုကို သက်သာပျောက်ကင်းသည်။ ခြင်ဆီနှင့် သွေးကို အားပေးစေသည်။ အခြား အာရောဂါများ ကျရောက်ဖြစ်ပွားမှုကို ကာကွယ်သည်။ ကိုယ်စိတ်နှစ်ပါး လန်းဆန်း၍ အားအင်ပြည့်ဖြိုး အသက်ရှည် ကျန်းမာစေသည်-ဟု ဆိုသည်။

    စာကြည့်တိုက် ခင်မောင်
    ပြန်ကြားရေး-ကန်ပက်လက်

    No comments:

    Post a Comment

    ဝေဖန်မူလေးတော့ ရေးခဲ့ကြပါ ဗျာ............