welcome from johnoopower. blogspot.com....welcome from Thein Zaw Oo blogspot.com....welcome from Thein Zaw Oo blogspot.com....မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျနော် လေ့လာ မှတ်သား ထားသော နည်းပညာ အကြောင်း တွေ၊ကျနော် စုစည်း ထားတဲ့ ကိုယ် ပိုင် မှတ်စုလေး တခု သာ ဖြစ်ပါတယ်။ လာလည် သူ မိတ်ဆွေ များ ကိုယ် စိတ်နှလုံး ရွှင် လန်းကြ ပါစေ ဗျာ........လာလည်သူ မိတ်တွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
welcome from johnoopower.blogspot.com
  • ပင်မစာမျက်နှာ
  • ဘာသာရေး
  • နည်းပညာ
  • တိုင်းရင်းဆေး
  • ကဗျာ
  • ဗိုင်းရပ်စ်
  • မပြောသင့်တဲ့စကား
  • Wednesday, 30 November 2011

    သြ၀ါဒ

    ပေါ့ပေါ့ပါးပါး ကိုယ်အလေးချိန် ချနည်းများ

    ကိုယ်အလေးချိန်ချရာမှာ အကုန်အကျများတဲ့ ကုသနည်းတွေက နောက်ဆုံး ဖြေရှင်းချက်လို့ မဆိုနိုင်ပါဘူး။ အဆီကျ ပိန်ဆေးတွေ၊ အဆီစုပ်ယူ ဖယ်ရှားတဲ့ ခွဲစိတ်ကုသမှုမျိုးတွေ မသုံးဘဲ သင့်ရဲ့ ဘ၀နေထိုင်မှုပုံစံ (lifestyle) ကို ပြောင်းလဲရုံမျှနှင့် သင့်ခန္ဓာကိုယ်ပုံစံကို ပြောင်းလဲနိုင်ပါတယ်လို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။ ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


    အခြေခံကျကျ နေထိုင်ပါ---
    သင့်မျက်စိကို ဖွင့်ထားပါ---
    ဘယ်အပြုအမူကို မဆို ပြောင်းလဲတော့မယ်ဆိုရင်

    Tuesday, 29 November 2011

    ESET SysRescue CD

    ESET SysRescue CD နှင့် booting လုပ်၍ Windows system အတွင်းမှာ ပုန်းကွယ်နေတဲ့ Virus တွေကိုရှာဖွေ ဖယ်ရှားပေးနိုင်ပါတယ်။
    ကျွန်တော်ကတော့ မစမ်းကြည့်ဖူးသေးဘူး၊ စမ်းကြည့်ချင်တဲ့သူတွေအတွက်ပါ၊
    ဖိုင်ကတော့ ISO ဖိုင်ပါ၊ ISO image ကို Burn တဲ့အခါမှာ low speed နှင့် Burn ဖို့လိုပါတယ်။
    OS : Win XP/2000/Vista/Win 7 (32-bit/64-bit)

    Photobucket

    noenoe.jetma.vbs virus ကိုဖြေရှင်းနည်း

    ကျွန်တော်တို့စက်ကိုဖွင့်လိုက်တဲ့အခါတိုင်း “Can not find script file c:\windows\system32\NoeNoeJetma.vbs” ဆိုတဲ့ အောက်ကပြထားတဲ့ပုံထဲကအတိုင်း dialog box လေးပေါ်နေလျှင်ဖြေရှင်းတဲ့နည်းဖြစ်ပါတယ်၊

    Window 7 တွင် Autorun ဗိုင်းရပ်စ်များ မ၀င်ရောက်ခင် ကာကွယ်ဖို့အတွက် Autoplay ကိုပိတ်တဲ့နည်းလေးပါ

    နည်းလမ်း (၁)

    Start > Control Panel > AutoPlay ကိုဖွင့်ပါ၊





    Start > Control Panel > AutoPlay ကိုဖွင့်ပါ၊
    ပြီးလျှင် Use AutoPlay for all media and devices တွင် အမှတ်ချက်လေးကို ဖြုတ်ပေး၍ Save ကိုနှိပ်ပါ။

    ဘလော့လင့်တွေကို ကြယ်ပုံလေးတွေပေါ်အောင်လုပ်နည်း

    ဒီနေ့တင်တာလေးကတော့မိမိရဲ့ဘလော့မှာရှိတဲ့လင့်ခ်တွေကိုMouseနဲ့ထောက်ရင်ကြယ်ပုံလေးတွေပေါ်လာအောင်လုပ်ချင်တဲ့ဘလော့မိတ်ဆွေတွေ
    အတွက်ပါ။သိပြီးကြတဲ့သူတွေလည်းရှိမယ်ထင်ပါတယ်မသိသေးကြတဲ့ဘလော့မိတ်ဆွေတွေအတွက်ပါ။အခုဟာလေးကသူများနဲ့မတူအောင်လုပ်ထား
    ပါတယ်။ကြိုက်ကြမယ်လို့လည်းမျော်လင့်ပါတယ်။ကုဒ်ထည့်ပုံထည့်နည်းကလည်းလွယ်ကူပြီးရှင်းပါတယ်။ကြယ်ပုံလေးကလည်းလှလှလေးပါ

    အောက် မှာ ကုတ်ပေးထားပါတယ် 

    ဘလော့လင့်တွေကိုကာလာမျိုးစုံပေါ်အောင်လုပ်နည်း

           ဒီနည်းလမ်းလေးကိုလဲဘလော့မိတ်ဆွေများ ကြိုက်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်.ဒါကတော့ မိမိတို့ က လင့်တွေကို မောက်စ်နဲ့ ထောက်လိုက်ရင် အရောင်အမျိုးမျိုးနှင့်ပေါ်အောင်လုပ်တဲ့နည်းလေးပါ.လုပ်နည်းကလဲမခက်ပါဘူး. 



    ၁. Go to Dashboard, click Design, click Edit HTML.
    ၂. (Ctrl+F) ဖြင့် </head> ကိုရှာပြီးအောက်ကကုဒ်ကို အဲဒီ</head> အောက်မှာထည့်ပေးလိုက်ပါ.

    gtalk အကောင့်တွေကို တပြိုင်ထဲ ဖွင့်ထားချင်သူများအတွက်

    အချို့သောသူတွေ gmail account နှစ်ခု သုံးခု ရှိတက်ကြပါတယ်။ ရှိထားတဲ့အလျောက် ရှိသလောက် ကိုလည်း တစ်ချိန်တည်းမှာ ဖွင့်လိုကြပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသစ်မှန်ရင် အဲ့လိုလုပ်တာကို လက်မခံပါဘူး။ လုပ်လို့မရပါဘူး။ သိပြီးတဲ့ လူတွေလည်းရှိမယ်။ မသိသေးသူတွေလည်း ရှိပါမယ်။ အောက်ပါပုံကို ကြည့်ပါ။ တစ်ချိန်တည်းမှာ Gtalk တွေအများကြီး ဖွင့်ထားပါတယ်။

    Image

     အောက်ပါအတိုင်း လုပ်ဆောင်ပါ။

    1. Gtalk Shortcut ကို right-click ပါ။
    2. အောက်ဆုံးက Properties ဆိုတာကို left-click ပါ။ အဲမှာ right-click လုပ်ခဲ့တဲ့

    Friday, 25 November 2011

    ကျန်းမာရေးအတွက် အဓိကသော့ချက်များ (၂)

    လူအများနှင့် အတည့်ဆုံး ဆေးတပင်---
    မျက်စိနာနေသူ, ဆီးအဖြူရည်များ သွားနေသူ, သွေးတိုးရောဂါရှိသူတို့သည် ကြံဟင်းညွန့်ကို ဟင်းချိုချက်၍ သောက်လေ။

    ကြံဟင်းညွန့်ပင်သည် မြန်မာပြည်၌ အလွန်ပေါပါသည်။ ဈေးထဲတွင်လည်း ဝယ်၍ရသည်။ ကြံဟင်းညွန့် အရိုးရင့်ရင့် တပင်ကိုဖြတ်ပြီး စိုက်ပျိုးထားပါက အပင်အဖြစ်မြန်သည်။ (၁၂)ရာသီလုံး ရှင်သန်ပေါက်ပွားသောအပင် ဖြစ်သည်။ ကြံဟင်းညွန့်ကို အညွန့်၊ အရွက်၊ အရိုးနုတို့ကို စားသုံးနိုင်သည်။ ကြံဟင်းညွန့်လောက် လူသားတို့ကို အကျိုးပြုသော (ဝလံ)နွယ်ပင်ကို ကျွန်တော်မတွေ့ဖူးသေးပါ။ ကြံဟင်းညွန့်သည် စားပြီးနောက် စားသူကို အပြစ်တစုံတရာ မပြုဘဲ စားသူ၏ ဆီးနှင့်ဝမ်းကို
    ပျော့ပျော့လေးသွားစေပါသည်။ အပုပ်များ၊ အပူများကိုလည်း ဝမ်းနှင့်အတူ ပါသွားစေသည်။


    ထို့အပြင် ကြံဟင်းညွန့်သည် ဒေါသသုံးပါး ဖောက်ပြန်ခြင်းတို့ကို

    ကြို့ထိုးဝေဒနာ ပျောက်စေဖို့ရာ

    ကြို့ထိုးဝေဒနာကို မကြာခဏရောက်လာတတ်သော (အာဂန္တုဝေဒနာ)မျိုးအဖြစ် သတ်မှတ်ကြသည်။
    သို့သော် ကြို့ထိုးလျှင် အလွန်ခံရခက် အနေရခက်တတ်သည်။
    ကြို့ထိုးခြင်း (hic-cougp)နှစ်မျိုးနှစ်စားရှိသည်။ ကြို့လေးထိုးနှင့် ကြို့ကြီးထိုးတို့ဖြစ်သည်။ 
    မြန်မာ့တိုင်းရင်းဆေးပညာအခေါ်မှာ ကြို့ထိုးလျှင် ဟိတ်--ဟိတ်--အသံရှိသဖြင့် ဟိက္ကာ-ဟု အမည်သတ်မှတ်ပါသည်။

    ကြို့ထိုးရခြင်းကိုလည်း လေအမျိုးငါးပါးရှိသဖြင့် (ပါဏလေ)ဟုခေါ်သော လေကြောင့် ဖြစ်ရသည်ဟု (ဘေသဠမဉ္ဇူသာဆေးကျမ်း)တွင် ဆိုပါသည်။
    ဆေးကျမ်းများတွင် ကြို့ထိုးဝေဒနာငါးမျိုး ပြဆို

    ဒန့်သလွန်ရွက်

    နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

    ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
    အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

    ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို

    သွေးတိုးအတွက် လူလည်း ကျန်းမာ, ငွေလည်း သက်သာ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာနှင့်ပတ်သက်၍ ပညာပေးထားသော လူလည်းကျန်းမာ၊ ငွေလည်းသက်သာ ဆိုသော အားထားဖွယ်ရာ တိုင်းရင်းဆေးပညာအကြောင်းကို အများအကျိုးအတွက် ဆေးပညာဒါနပြုလိုက်ပါသည်။ လူကြီးလူရွယ်မရွေး ယခုအခါ အဖြစ်များသည့်ရောဂါမှာ သွေးတိုးရောဂါဖြစ်သည်။ သွေးတိုးရောဂါ ကြာရှည်ဖြစ်နေပါက
    လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါကို ဖြစ်တတ်သည်။


    သွေးတိုးရောဂါ-ဟူသည်---
    အပေါ်သွေးပေါင်ချိန်(၁၆၀)မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန်(၉၅)မီလီမီတာ ပြဒါးအထက် တောက်လျှောက်ဖြစ်စေ၊ အချိန်ကြာမြင့်စွာ မြင့်တက်ခြင်းကို

    ဤဆေးကိုသာ မှန်မှန်စား ယောက်ျားတို့အတွက်-အား

    ယောက်ျားများ ပန်းညှိုး၍ စိတ်မလန်းဖြစ်လာပါက စားသုံးရန်နည်းလမ်း ဖြစ်ပါသည်။ ဤနည်းလမ်းဖြင့် ပန်းသေသူများကို အာမခံချက် မပေးနိုင်သော်လည်း စိတ်ရှိသော်လည်း ပန်းမလန်းသူများ ညှိုသူများအတွက် ကောင်းပါသည်။

    နည်းမှာ---
    မဉ္ဇူသကပန်းပွင့် ရသလောက်ကို သန့်စင်အောင် ရေဖြင့် ဆေးကြောပြီး ပျားရည်စစ်စစ်တွင် မြှုပ်နေအောင် စိမ်ပေးထားပါ။
    အနည်းဆုံး (၁)ပတ်ခန့် စိမ်ပြီးသည်နှင့်

    ကိုယ်ဝန်ဆောင် အမျိုးသမီးများ သွေးဝမ်းသွားသော်

    ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါအချို့မှာ 
    * ငှက်ဖျား
    * အသည်းရောင်အသားဝါ
    * ကိုယ်လက်ရောင်ရမ်းခြင်း
    * သွေးဝမ်းသွားခြင်း
    အစရှိသော ရောဂါများ ဖြစ်ပါသည်။ 

    ကိုယ်ဝန်ဆောင်အမျိုးသမီးများ သွေးဝမ်းသွားသော်-
    ဘူးရွက် မနုမရင့် လက်တဆုပ်စာကို ထုခြေ၍

    နှာပိတ် နှာခြောက် လက်တွေ့ပျောက်

    ကလေးငယ်များ အအေးမိ၍ဖြစ်စေ၊ ဆောင်းတွင်းရာသီတွင်ဖြစ်စေ နှာပိတ်ခြင်း၊ နှာခြောက်ခြင်းဖြစ်လျှင် ရှူရသော ဆေး-ဖြစ်သည်။ အန္တရာယ်မရှိ ပကတိ နှာစိုလာမည်ဟု သိရသည်။
    ကလေးဟုဆိုသော်လည်း လူကြီး လူငယ်များပါ အသုံးပြုနိုင်ကြောင်း သိရပါသည်။

    ဆေးနည်းမှာ---
    ၁။ နံ့သာဖြူ
    ၂။ နံ့သာနီ
    ၃။ စန္ဒကူးနီ

    လေးဖက်နာ နှင့် အရိုးကျီးပေါင်းတက်ရောဂါအတွက် ဆေးစွမ်းကောင်းတလက်

    * ကြက်ဥတလုံးကို ခွဲပါ။ အထဲက အဝါနှစ်ကိုထုတ်ပြီး ချွဲချွဲပျစ်ပျစ် အဖြူရောင်ရည်နဲ့ နနွင်းမှုန့် မန်ကျည်းစေ့ခန့်ကို ရောပြီး မနက်အိပ်ရာထ မျက်နှာသစ်ပြီးတိုင်း သောက်ပါ။ 
    တကယ်လို့ နနွင်းမှုန့်ကို နံလို့ အနံ့မခံနိုင်ရင် နနွင်းမှုန့်ကို အလုံးလေးတွေ လုံးပြီး နေလှန်း၊ ကြက်ဥရည်နဲ့ သောက်ရင်လဲ

    မောသလား ရဲယိုသီးစား

    ရဲယိုသီး အမှည့် (၁၀)လုံးကို ဆန်ခါကုန်းထဲထည့်ပြီး အောက်က လင်ပန်းခံထားကာ အနှစ်ကို တိုက်ယူရပါမယ်။ 
    ပြီးရင် ရဲယိုသီးအနှစ်ကို ဖန်ပုလင်းထဲမှာ ထည့်ပါ။
    အဲဒီနောက် ထန်းဖို ထန်းလျက်ခဲက (၁၀)ကျပ်သား ထည့်ပါ။
    ပြီးရင် ၄င်းနှစ်မျိုးစလုံး ဖန်ပုလင်း လုံအောင်ပိတ်၍

    မီးယပ်သွေးသွန် သွေးလွန်နာ ကုထုံး

    ဟိုပင်မြို့ တိုင်းရင်းဆေးခန်းမှူး ဒေါ်ခင်ဝိုင်းရည်-(တဆ-၀၉၁၆) ပြောပြသည့် 
    မီးယပ်သွေးသွန် သွေးလွန်နာ ကုထုံး

    အမျိုးသမီးတွေဟာ များသောအားဖြင့် ခန္ဓာကိုယ် ဖွံ့ဖြိုးပြီး သွေးသားကောင်းမယ်ဆိုရင် အသက် ၁၂-နှစ်လောက်ကစပြီး မီးယပ်သွေး စ,ပေါ်လေ့ရှိပါတယ်။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုလဲ နည်းမယ်၊ သွေးအားနည်းပြီး ပိန်ပါးကြုံလှီသူ ဖြစ်ရင်တော့ (၁၄)နှစ်၊ (၁၅)နှစ်လောက်ကျမှပဲ စပြီး သွေးပေါ်တတ်ပါတယ်။

    အသက် ၄၅-ကနေ အသက် ၅၅-နှစ်အတွင်းမှာ သွေး လစဉ်ပေါ်မှု ရပ်တန့်ပြီး သွေးဆုံးလေ့ရှိပါတယ်။ ကိုယ်ဝန်မဆောင်ရတဲ့ အမျိုးသမီးတွေမှာ သွေးဆုံးတာ စောတတ်ပါတယ်။ ကိုယ်ဝန်နှုတ်ငုံ ဆောင်လွယ် ထားချိန်နဲ့ ကလေးငယ်တဲ့အချိန်ကလွဲပြီး လစဉ်မှန်မှန်ပေါ်တဲ့ သွေးဟာ သုံးရက်ကနေ ငါးရက်အထိ ကြာနိုင်ပါ တယ်။ တချို့ကျတော့ ခုနစ်ရက်လောက်အထိ ကြာတာလဲ ရှိပါတယ်။ တလတကြိမ် သွေးပေါ်တယ်ဆိုပေမယ့်
    နှစ်ဆယ့်ရှစ်ရက် ပတ်ဝန်းကျင်လောက်မှာ

    လေဖြတ်သလား လက်ပံခါး

    လေဖြတ်ခဲ့သော်---
    လက်ပံခါး လက်ကောက်ဝတ်ခန့် အတုံးများကို အရှည် ၅-လက်မခန့် ဖြတ်ပြီး ထန်းချက် အခဲ ၂၀-ထည့်ပြီး ရေချိုးခွက်နဲ့ ရေ ၃-ခွက် ထည့်၍ တခွက်ကျန်အောင် ကျိုချက်ပါ။
    ပြီးလျှင် ပျားရည်ရှိလျှင် ပျားရည်နဲ့ နံနက်တကြိမ်၊ ညတကြိမ် အကြမ်းပန်းကန် တလုံးကျ သောက်ပါ။
    ပျားရည်မရှိလျှင် ဒီအတိုင်း သောက်ပါ။ 
    လက်ပံခါးပြုတ်ရည် နံနက်-ည သောက်၍ ၂-ရက်ပြည့်သောအခါ ဝမ်းပျော့ပျော့ တနေ့ ၃-ကြိမ် တခါတရံ ၄-ကြိမ် သွားပါမည်၊ စိုးရိမ်စရာ မရှိပါ၊ မှန်မှန်ဆက်သောက်ပါ။

    လက်ပံခါး အကိုင်းအခက်များကို ဓားဖြင့် နုပ်နုပ်စဉ်း၍ အခြောက်လှန်း၊ သံဆုံဖြင့်

    ခန္ဓာကိုယ်နံ့ မကောင်းခဲ့သော်

    မိမိရဲ့ ခန္ဓာကိုယ်နံ့ မကောင်းခဲ့သော် 
    ကင်ပွန်းချဉ်ရွက် လက်တဆုပ်လောက်ကို ထန်းလျက်နဲ့ သုံးခွက်တခွက်တင် ကျိုပြီး 
    မနက်-နေ့-ည လက်ဖက်ရည်ပန်းကန် တလုံးစီ ၇-ရက်တပတ်

    သက်ရှည် ကျန်းမာ-ပန်းတရာ, အသီးတရာ, အမြစ်တရာ

    အသက်ရှည် ကျန်းမာစေရန်အတွက် 
    ပန်းပေါင်းတရာ၊ အသီးပေါင်းတရာ၊ အမြစ်ပေါင်းတရာ ဖော်စပ် စားပါ။

    ပန်းပေါင်းတရာမှာ--ပျားရည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ပျားကောင်သည် ပန်းပေါင်းစုံ၏ ဝတ်ရည်ကို စုပ်ပြီး ပျားရည်ဖြစ်လာခြင်းကြောင့် ဖြစ်ပါသည်။

    အသီးပေါင်းတရာမှာ--မျောက်၏ အူ (သို့မဟုတ်) အစာအိမ် ဖြစ်ပါသည်။ 
    မျောက်တွင်လည်း မျောက်ညိုက ပို၍ ကောင်းသည်ဟု ဆိုသည်။
    မျောက်က အသီးပေါင်းများစွာ စားခြင်းကြောင့် ဖြစ်ပါသည်။

    အမြစ်ပေါင်းတရာမှာ--ဖြူကောင်၏ အစာအိမ် ဖြစ်ပါသည်။ 
    ဖြူသည်လည်း

    ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ

    ဘုန်းကြီးတို့ မြန်မာပြည်မှာ အားလုံး ရှေးအခါကစပြီး ယခုအထိ အဲဒီလို သာသနာတော်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်ရှိလို့ ကိုယ့်သားကလေးမွေးလာရင် ရှင်ပြုပေးရမှ၊ သင်္ကန်းဝတ်ပေးရမှ ကျေနပ်ကြတယ်။ သင်္ကန်းမဝတ်ပေး ရသေးသမျှ တာဝန်ကျေတယ်လို့ မယူဆကြဘူး။ အဲဒီ သာသောတ်အပေါ်မှာ မြတ်နိုးတဲ့စိတ်ကလေးဟာ အဲ...မိမိတို့ သာသနာကို ထွန်းကားဖို့အကြောင်း ကောင်းမြတ်တဲ့စိတ်ထားကောင်းလေးပဲ။
    (ဦးဝါသေဋ္ဌာဘိဝံသ-အဘိဓဇမဟာရဋ္ဌဂုရု၊ ပုဇွန်တောင် ရွှေကျင်တိုက်သစ်)

    အလှူကြီးတွေပေးပြီး ပျော်ကြရွှင်ကြ၊ ပွဲတွေလမ်းတွေနဲ့ ဒါ...ကုသိုလ်မဟုတ်ဘူး။ အလှူ့ဒကာကို ဝိုင်းမြှောက်ကြ၊ တီးကြ၊ မှုတ်ကြနဲ့၊ ဒါ...လောဘတွေပဲ။ ဒါ...မှားတာပဲ။ လမ်းမှားတာပဲ။ အခုလို

    Saturday, 19 November 2011

    ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ဗုဒ္ဓဘာသာ ရရှိခဲ့ .........................



    ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူပေါင်း ဆောင်ရွှက် ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့ အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာရေး အဖြစ် ရွှေးချယ်ခဲ့ကြောင်း သိရှိရသည်။ ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် (၂၀၀)ကျော်