welcome from johnoopower. blogspot.com....welcome from Thein Zaw Oo blogspot.com....welcome from Thein Zaw Oo blogspot.com....မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျနော် လေ့လာ မှတ်သား ထားသော နည်းပညာ အကြောင်း တွေ၊ကျနော် စုစည်း ထားတဲ့ ကိုယ် ပိုင် မှတ်စုလေး တခု သာ ဖြစ်ပါတယ်။ လာလည် သူ မိတ်ဆွေ များ ကိုယ် စိတ်နှလုံး ရွှင် လန်းကြ ပါစေ ဗျာ........လာလည်သူ မိတ်တွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
welcome from johnoopower.blogspot.com
  • ပင်မစာမျက်နှာ
  • ဘာသာရေး
  • နည်းပညာ
  • တိုင်းရင်းဆေး
  • ကဗျာ
  • ဗိုင်းရပ်စ်
  • မပြောသင့်တဲ့စကား
  • Saturday, 22 October 2011

    အင်တာနက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းများအတွက် Offline Sign out or Log Out-လုပ်နည်း ( to protect from small hacker )

    သူငယ်ချင်းများအားလုံး မင်္ဂလာပါ . . . စကားမစပ် . . . . ကျွန်တော်လဲ အင်တာနက်ကို ဆိုင်မှာသုံးတာပါ . . .  လိုင်းမကောင်းတဲ့အခါ ကော်နက်ရှင်ပြုတ်ကျသွားတာကို မစောင့်နိုင်တဲ့အခါ ရင်တထိတ်ထိတ်နဲ့ ငါ့အကောင့်တော့ ဘယ်သူ့လက်ချက် မိမလဲ ဆိုပြီးပြန်ခဲ့ရတာ အချိန်တော်တော်များများပါ . . . ဒါကိုဖြေရှင်းနိုင်ဖို့အတွက် ရှာဖတ်ရင်း တွေ့ထားတာလဲတစ်ခုရှိလို့ ပြန်တင်ပေးတာပါ . . .  သူငယ်ချင်းတို့အတွက်လဲ အကျိုးရှိမယ်ထင်ပါတယ် . . . ပြန်ပြီးမျှဝေပေးကြပါ . . .

    Offline Sign out or Log Out-လုပ်နည်း ( to protect from small hacker )



    တခါတလေ မိမိကိုယ်ပိုင် ကွန်ပျူတာ/ အင်တာနက်မှာ မဟုတ်ဘဲ...Internet Cafe-စသည်မှာ အင်တာနက်သွားသုံးလို့... အကြောင်းတခုကြောင့် အင်တာနက်ကျခဲ့ရင်... မိမိဖွင့်ထားတဲ့ gmail-ဖြစ်စေ/ တခြား sign in-၀င်ထားတဲ့ မိမိဖန်တီးထားတဲ့ ဆိုက်ဖြစ်စေ... Internet Off-line-ကနေ ပိတ်ရတဲ့ နည်းလေးပါ။
    ဒီကိစ္စက တခါတရံ အပြင်မှာ အင်တာနက် သွားသုံးရင်, ဥပမာ- ရုတ်တရက် မီးပျက်သွားတဲ့အခါမျိုးမှာ ကိုယ်ဖွင့်ထားတဲ့ ကိုယ်ပိုင်ဆိုက်များ Sign out or Log out-လုပ်ဖို့ မီးပြန်လာသည်အထိ စောင့်ရသည်များ ရှိတတ်ပါတယ်။
    တချို့ဆိုက်များကတော့ အင်တာနက်စာမျက်နှာ Cross (x)ကနေ ပိတ်လိုက်ရင် Sign out-ဖြစ်သွားပေမယ့် တချို့ဆိုက်များက အဲဒီလို ပိတ်လိုက်လို့ Sign out-မဖြစ်တဲ့ဆိုက်များလည်း ရှိတတ်ပါတယ်။ အဲဒီတော့ အခု သားသားလေး ပြောပြတဲ့ နည်းကို သုံးလိုက်ပါ၊ သင်- Sign in or log in-၀င်ထားတဲ့ ဆိုက်အားလုံး ပိတ်သွားပါလိမ့်မယ်။

    လုပ်နည်းက---
    မိမိဖွင့်ထားတဲ့ Mozilla Firefox-မှ
    1/ Tools
    2/ Clear Recent History (Ctrl+Shift+Delete key)
    3/ ပေါ်လာမည့် box-မှ Clear Now-ကို ကလစ်လိုက်ပါ၊ ခဏစောင့်ပါ။
    ခဏနေရင် မိမိဝင်ထားတဲ့ ဆိုက်အားလုံးရဲ့ လိပ်စာများ Delete-လုပ်လိုက်ပါလိမ့်မယ်။ ဒါဆို Mozilla Firefox-အသုံးပြုသူများအတွက် Sign out or Log out-လုပ်ခြင်း ကိစ္စပြီးပါပြီ။


                                                                         ပုံများကိုကြည့်ပါ

    မရှင်းရင် ပုံများကို ကြည့်ပါ၊ မြင်ကွင်းမရှင်းက ပုံပေါ်ကို ကလစ်ကြည့်လိုက်နော်....ဗျာ....




    မရှပုံများကို ကြည့်ပါ၊ မြင်ကွင်းမရှင်းက ပုံပေါ်ကို ကလစ်
    Internet Explore-အသုံးပြုသူများအတွက်.... ဒီလိုသွားလိုက်ပါ...
    မိမိဖွင့်ထားတဲ့ Internet Explore-မှ
    1/ Tools
    2/ Internet Options-ကိုကလစ်ပါကြ
    3/ ကျလာမည့် ဘောက်စ်မှ-General-ကိုရွေးပါ
    4/ Delete-ဆိုတဲ့ Icon-လေးကို ကလစ်လိုက်ပါ။
    5/ နောက်ထပ် သင်ဖျက်ချင်တာ ဖျက်ဖို့ ဘောက်စ်တခုကျလာမည်။
    6/ ပုံပါတိုင်း Delete-ဆက်လုပ်လိုက်ပါ၊ ခဏစောင့်လိုက်ပါ။
    Internet Explore-အသုံးပြုသူများအတွက်... မိမိဖွင့်ထားသော မေးလ်များ/ ဆိုက်များ ပိတ်ခြင်း (sign out or Log out)လုပ်ခြင်း ကိစ္စပြီးပါပြီ။

    တကယ်ကတော့ ဒီနည်းက မိမိဝင်ပြီးသား ဆိုက်လိပ်စာများကို Delete-လုပ်ပစ်ခြင်းပါ။ 

    ဒါပေမယ့် သားသားလေးက ဒီနည်းနဲ့ (Internet Off-line-ဖြစ်နေတဲ့အချိန်မှာ Log out or Sign out)-လုပ်လို့ ရတဲ့အကြောင်း ပြောပြလိုခြင်းပါ။ အင်း....သိပြီးသားလည်း ဖြစ်ချင် ဖြစ်ကြမှာပါ။ 







                                                            



    http://akarphyoe.mixxt.at/networks/blog/ အာကာဖြိုး က ပြန်လည်မျှဝေတာဖြစ်ပါတယ် . . .၁၁.၁၀.၂၀၁၁ မှာတင်ထားတာပါ .

    1 comment:

    1. အကိုရေ.. တစ်ချို့တစ်လေက facebookမလုပ်တက်ဘူး ဒါကိုတင်ပေးပါနော်ကျေးဇူးပြုပြီး

      ReplyDelete

    ဝေဖန်မူလေးတော့ ရေးခဲ့ကြပါ ဗျာ............