welcome from johnoopower. blogspot.com....welcome from Thein Zaw Oo blogspot.com....welcome from Thein Zaw Oo blogspot.com....မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျနော် လေ့လာ မှတ်သား ထားသော နည်းပညာ အကြောင်း တွေ၊ကျနော် စုစည်း ထားတဲ့ ကိုယ် ပိုင် မှတ်စုလေး တခု သာ ဖြစ်ပါတယ်။ လာလည် သူ မိတ်ဆွေ များ ကိုယ် စိတ်နှလုံး ရွှင် လန်းကြ ပါစေ ဗျာ........လာလည်သူ မိတ်တွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
welcome from johnoopower.blogspot.com
  • ပင်မစာမျက်နှာ
  • ဘာသာရေး
  • နည်းပညာ
  • တိုင်းရင်းဆေး
  • ကဗျာ
  • ဗိုင်းရပ်စ်
  • မပြောသင့်တဲ့စကား
  • Friday, 21 October 2011

    နာမည်ကြီးတဲ့ နတ်သမီး

    နာမည်ကြီးနေတဲ့ နတ်သမီးဗိုင်းရပ်စ် နှင့် hacking prevention

    နာမည်ကြီးနေတဲ့ နတ်သမီးဗိုင်းရပ်စ် နှင့် hacking prevention





    စာအုပ်လေးနဲ့ဖတ်ချင်သူများ ဒီနေရာလေးမှာ ဒေါင်းသွားနိုင်ပါတယ် ။ (size - 156kb pdf )

    ဟိုတလောက blogspot တွေမှာ malware တွေခေတ်စားခဲ့တုတွ ဖျက်လိုက်ရနဲ့ အတော်ကြီးကိုန်းကလိုပေါ့ ။ ကျွန်တော်တို့ တတွေမှာ blog list တွေဖြုတ်ရ ၊ ကွန်းမန့်တွေ ဖြုတ်လိုက်ရ ပို့စ်ေ အလုပ်များခဲ့ပါတယ် ။ အခု လည်း Hacking ဟာ အတော်လေးကို ခေတ်စားလာပြန်ပါပြီ ။ ဒီနေ့ ဘလော့မှာမွှေကြည့်လိုက်တော့ ဘလော့ ဂါအစ်မ အဖြူရောင်နတ်သမီးရဲ့ ဖေ့ဘုတ်အကောင့် ဟက်ခံလိုက်ရတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ဂျူလိုင် ၂၅ ရက်နေ့တုန်းက ဂျီမေလ်းတွေနဲ့ ရွာရဲ့ ဖောင်ဒါ အကောင့်တွေ ခိုးယူခြင်းခံခဲ့ရတဲ့အတွက် ဘယ်လိုခံ စားရမယ်ဆိုတာ ကောင်းကောင်းနားလည်ပါတယ် ။ ဒီနေရာမှာ hack တာကို ခိုးတာမဟုတ်ဘူး နည်းပညာ သာလို့ ငါတို့ ပါ့စ၀ပ်တွေ ရတာ ခိုးတာမဟုတ်ဘူးလို့ တချို့က စောဒကတက်ချင်ပါလိမ့်မယ် ။ လယ်လို နည်းလမ်းကို သုံးသုံး နည်းပညာကို သေလောက်အောင် မိုးပျံနေလောက်အောင် တတ်ပလေ့စေ ။ သူတပါးမ သိအောင် ကိုယ်ပိုင်ပစ္စည်းတစ်ခုကို ယူတာဟာ ခိုးယူခြင်းလို့ပဲ သတ်မှတ်ပါတယ် ။ ထားပါတော့ ကျွန်တော့်မေးလ်တွေ ဖြစ်တဲ့ thettantchocho@gmail.com ၊ kyawminoo.im2@gmail.com ၊ founder.thettantvillage@gmail.com တို့ပျောက်ဆုံးနေပြီး အဲဒါတွေကို secondary ထည့်ထား တဲ့ တခြားမေလ်းတွေ ပါ ပျောက်ဆုံးနေပြီလို့ သိလိုက်ရတဲ့အခါ ကျွန်တော် recover ပြန်လုပ်တဲ့အခါ kyawminoo.im2@gmail.com တစ်ခုပဲ ပြန်ရခဲ့ပါတယ် ။

    Grou.ps ရဲ့ ဖောင်ဒါအကောင့်ကိုတော့ grou.ps ရဲ့ developer တွေအကူအညီ ၊ ပူးတေရဲ့ အကူအညီနဲ့ ပြန်ယူခဲ့ ပါတယ် ။ ထားပါတော့ အစပြန်ဖော်မနေတော့ပါဘူး ။ ကျွန်တော်နားမလည်သေးတာတစ်ခုပေါ့နော် ။ ဘာကြောင့် အဲဒီလိုလုပ်ရတာလဲ ။


    ၁ ။ နာမည်ကြီးချင်လို့လား
    ၂ ။ နာမည်အလွဲသုံးစားလုပ်ချင်လို့လား
    ၃ ။ ငါတို့ဖေ့ဘုတ်အကောင့် ၊ ဂျီမေးလ်အကောင့်တွေ hack နိုင်တယ်ကွဆိုပြီး ဂုဏ်ယူချင်လို့လား
    ၄ ။ လက်တည့်စမ်းချင်တဲ့သဘောလား
    ၅ ။ ရန်ငြိုးရန်စရှိခဲ့လို့ မကျေနပ်လို့လား

    ကဲ ကျွန်တော်သိချင်တာတွေကတော့ အဲဒါတွေပါပဲ ။ နံပါတ် ၁ အရ နာမည်ကြီးချင်လို့ ဆိုရင်လည်းဗျာ ဒိုမိန်းတစ် ခုဝယ် ဟိုစတင် တစ်ခုခုချိတ်ပြီး ကိုယ့်နာမည်ကြီးကို စာမျက်နှာပြည့်သာ ချိတ်ထားလိုက်ကြပေါ့ ။ ဟုတ်ဘူးလား ။ အခုလို အကောင့်တွေ လွှဲပြောင်းယူလိုက်ယုံနဲ့ အဲဒီလူက အဖြူရောင်နတ်သမီးဖြစ်သွားရောလား ။ အဖြူရောင် နတ်သမီးရဲ့ စာအရေးအသား သူငယ်ချင်းတွေရသွားရောလား ။ အဲဒီလူက သက်တန့်ချိုနေရာဝင်လိုက်ယုံနဲ့ သက်တန့်ချို ဖြစ်သွားရောလား ။ သက်တန့်ချိုရဲ့ အတွေးတွေ အရေးအသားတွေရသွားရောတဲ့လား ။ နံပါတ် ၂ အရ နာမည်အလွဲသုံးစားလုပ်ချင်လို့လား ။ နာမည်ဖျက်ချင်လို့ပေါ့နော် ။ အရင်တုန်းကတော့ စီဘောက်တွေမှာ ကိုယ်နာမည်ဖျက်ချင်တဲ့လူရဲ့နာမည်ကို သုံးပြီးလိုက်ဆဲတယ် ။ ပေါက်ကရတွေရေးတယ် ။ အချိန်ကြာလာတော့ စီဘောက်ရဲ့သဘောတရားကိုနားမလည်တဲ့ ဘလော့တချို့ အဲဒီစာရေးသူတွေကို အထင်လွဲလာကြတယ် ။ မှန်တော့ IP စစ်ကြည့်ပေါ့ ။ မသင်္ကာရင် အဲဒီစာရေးသူကို ဆက်သွယ်ပြီး မေးကြည့်ပေါ့ ။ ဒီတော့ ဒီနာမည် အလွဲသုံးစားလုပ်တဲ့ ရည်ရွယ်ချက်ကလည်း အလွန့်အလွန်အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခုလို့ ကျွန်တော်က သတ်မှတ်ပါတယ် ။

    နံပါတ် ၃ အရ ဆိုရင် ဂုဏ်ယူချင်လို့လား ` ဟေ့ကောင် ငါအဲဒီဘလော့ဂါ အဲဒီလူရဲ့ ဂျီမေလ်း ၊ ဖေ့ဘုတ် အကောင့် ကို ဒီနေ့ ဟက်နိုင်လိုက်တယ်ကွ ငါမတော်ဘူးလား ´ အဲဒီလို ကြွားလုံးထုတ်ချင်ကြလို့လား ။ အမှန်တော့ ငါသူခိုးတစ်ယောက်ဖြစ်ပါပြီ သူများမသိပဲ သူများအကောင့်တစ်ခုကို ယူမိပါပြီလို့ လောကကြီးကို တရား ၀င် ကြေငြာလိုက်ခြင်းပါပဲ ။ ကိုယ်လုပ်ခဲ့တဲ့ကိစ္စတစ်ခုကြောင့် hacker တွေဟာ ( ဒီနေရာမှာ ဟက်ကာအားလုံးကို မဆိုလိုပါဘူး ။ ကိုယ်ကျိုးအတွက် မဟုတ်ပဲ တစ်ခုခုအတွက် - နိုင်ငံရေး ဖြစ်စေ ၊ စီးပွားရေး ဖြစ်စေ ၊ အများအကျိုးအတွက်ဖြစ်စေ ဒီလိုမျိုးလုပ်ဆောင်ကြတဲ့ Target ရှိတဲ့ ဟက်ကာတွေကိုမဆိုလိုပါဘူး ။ ) ကိုယ့်ရဲ့လုပ်ရပ်ဟာ ခိုးယူခြင်းဆိုတဲ့အရာကို သက်သေပြယုံတင်မကပဲ တစ်ဘ၀လုံးစာအတွက် အမည်း စက်စွန်းထင်းခဲ့ပါပြီ ။ ဘာကိုဖော်ပြသလဲဆိုရင် ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကိုယ့်ရဲ့ မိဘ ၊ ဆွေမျိုး ၊ အသိုင်း အ၀ိုင်း အားလုံးဟာ ဘာတွေဖြစ်ကုန်ကြပြီလို့ ထင်ပါသလဲ ။ ကိုယ့်ဘာသာတွေးကြည့်နိုင်ပါတယ် ။ ကိုယ်လုပ်နေတာ မှန်နေတာလား ၊ မှားနေတာလား ၊ ကိုယ့်ဦးတည်ချက်ကရော အပျော်သဘောလား အဲဒီအပျော် သဘောကြောင့် သူတပါး ဘယ်လောက်ထိခိုက်သွားပြီလဲ ကိုယ့်ဘာသာရော ကိုယ့်အသိုင်း အ၀ိုင်း တွေရော ဘယ်လောက်ထိခိုက်သွားလဲဆိုတာ ကိုယ့်ကိုယ်ကို Analysis လုပ်ကြည့်ပါဦး ။

    နံပါတ် ၄ အရ လက်တည့်စမ်းချင်လို့လား ။ လက်တည့်စမ်းရအောင် ကျွန်တော်တို့ User အားလုံးဟာ ဟက် ကာတွေ ရဲ့ အစမ်းသပ်ခံတွေမဟုတ်ပါဘူး ။ ဒါဟာ Privacy ကိုထိခိုက် ချိုးဖောက်ကျူးလွန်ခြင်းပါ ။ ဘယ် ရှုထောင့်က ကြည့်ကြည့် ခင်ဗျားတို့ဟာ လူယုတ်မာတွေပါ ။ လက်တည့်စမ်းချင်ရင်ကိုယ့်ကိုယ်ကို ပြန်စမ်းကြပါ ။ ကိုယ်အသက်တမျှ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေကို ပြန်စမ်းကြပါ ။ အင်တာနက်မှာ လက်တည့် စမ်းစရာတွေ အမျာကြီးထဲမှ သူတပါး အတွက် ထိခိုက် နစ်နာ မှုများစေမဲ့ အရာမျိုးကို စမ်းသပ်လုပ်ဆောင်ဖို့ မကြိုးစားကြပါနဲ့ ။ Bobby Soxer ရဲ့ သီချင်းထဲကလိုပေါ့ ။ လူဆိုတာ ကိုယ့်အနာဂါတ်ကို ကိုယ်ကိုယ်တိုင်ရိုက်ချိုးခဲ့တာများတယ် ..... အခုနေများ သေသွားခဲ့ရင် ..မင်းနာမည် ကျန်ခဲ့မလား လူ့ပြည်မှာ .. လို့တောင် မေးလိုက်ချင်ရဲ့ ။

    နောက်ဆုံးနံပါတ် ၅ အရ ရန်ငြိုးရန်စ ရှိခဲ့လို့ မကျေနပ်လို့လား ။ ဂျီမေးလ်တို့ ဖေ့ဘုတ်တို့ဆိုတာ သူငယ်ချင်း အချင်း Private ပြောတာတွေရှိမယ် ။ ဆွေးနွေးတာတွေရှိမယ် ။ ရင်ဖွင့်တာတွေ တစ်ယောက်နဲ့တစ်ယောက် မသိစေ ချင်တာတွေ မသိသင့်တာတွေရှိတယ် ။ ဒါဟာ လူတစ်ဦးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ Privacy ဖြစ်တယ် ။ အဲဒါကို hack တယ်ဆိုတော့ လူ့အခွင့်အရေး Privacy ကို ချိုးဖောက်တဲ့ ပစ်မှုတစ်ခုပဲ ။ ပုဒ်မ ဘယ်လောက်လဲ မမေးနဲ့ ။ လူရယ်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ရင် ဘာပုဒ်မလည်းဆိုတာ နားလည်လိမ့်မယ် ။ ရန်ငြိုးရန်စ ရှိတယ်ဆိုရင် အဲဒီလူနေရာ ဆီသွားပြီး မကျေနပ်တာကိုရှင်းပါ ။ သူများအကောင့်ကိုသုံးပြီး Friend list ထဲ က လူတွေကို တဟိုင်းဟိုင်းလုပ်မနေပါနဲ့ ။ ရှက်တတ်ရင် ကိုယ့်အရေခွံ ကို ကိုယ်နွှာ သင့်နေပါပြီ ။ အဲဒီလို ဆုံတွေ့ရှင်း လို့ ရန်ငြိုးရန်စ မပြေရင် ယောင်္ကျားချင်းဆို ဓါးနဲ့ ယှဉ်ခုတ်ကြပါ ။ ပုန်းရှိုး ကွယ်ရှိုး နဲ့သူများ အကောင့်ကို သူတပါးသိသည်ဖြစ်စေ မသိသည်ဖြစ်စေ လိုက်ပြီးမခိုးကြပါနဲ့ ။ တစ်ချိန် ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ် ကိုယ်ပြန်ခံရပါလိမ့်မယ် ။ အိုကေ ပြောချင်တာ အဲဒီငါးချက်ပါပဲ ။

    အစ်မ အဖြူရောင်နတ်သမီး Facebook account ခိုးယူခံရခြင်းကိုတော့ အလွန်ဝမ်းနည်းရပါတယ် ။ ဗိုင်းရပ်လင့် အနေနဲ့ ဖေ့ဘုတ်က သူငယ်ချင်းတွကို လိုက်ပြီး hi လုပ်နေတယ်သိရပါတယ် ။ အဲဒါဟာ အဖြူရောင် နတ်သမီးအစစ်လုံးဝမဟုတ်ပါဘူး ။ ဗိုင်းရပ်သာလျှင်ဖြစ်ပါတယ် ။ အကောင့် အဲဒီလိုဖြစ်သွား၇တာကို ကိုယ် ချင်း စာပါတယ် ။ တတ်နိုင်သမျှ recover လုပ်ကြည့်ပါဦး ။ ခိုးယူသူက ဂျီမေလ်းရော ဖုန်းတွေး ပါ ပြောင်း လိုက်ပြီဆို ရင်တော့ ပြန်ရဖို့ လမ်းမမြင်တော့ပါဘူး ။ ဘလော့နဲ့ ဂျီတော့ကတဆင့် ဖေ့ဘုတ်အကောင့် hack ခံရေကြောင်း လက်လှမ်းမီသလောက်ကြေငြာပြီး အကောင့်အသစ်ဖွင့်သုံးယုံပါပဲ ။ ကြားရတဲ့သ တင်းတွေအ ရဆိုရင် အစ်မ အကောင့်ကို Facebook Phishing နည်းနဲ့ယူသွားတာဖြစ်ပါလိမ့်မယ် ။

    Blogger များသိထားသင့်သည့်အချက်များ



    Facebook မှာဖြစ်စေ Gmail မှာဖြစ်စေ ငါးမျှားသလို ငါးစာတပ်ပြီး မျှားတဲ့ Phishing နည်းဟာ ရေပန်း အစား ဆုံးပါပဲ ။ လင့် အတုအယောင်တွေပို့ပြီး sign in ၀င်စေခြင်းအားဖြင့် hacker ဆီက log ဖိုင်မှာ ကိုယ့်ရဲ့ပါ့ စ၀ပ်တွေ ပေါ်နေစေမှာဖြစ်ပါတယ် ။ သတိထားမိသူတွေကို့ hack ဖို့မလွယ်ပေမယ့် သာမန်ရိုးရိုး user တွေ ကိုတော့ အဲဒီနည်းနဲ့ hack တာ ခေတ်စားလာပါတယ် ။ နောက်တစ်ခုကတော့ Hacking Software တွေ သုံးတာပါ ။ Password ပြန်ဖော်တဲ့ software တွေကို အဆင့်မြှင့်တင်ပြီး Gmail and Facebook hacking software အဖြစ် အသုံးပြုကြပါတယ် ။ အများဆုံးခံရတာကတော့ ပါ့စ၀ပ်မှာ special character တွေမပါပဲ ရိုးရိုး အင်္ဂလိပ် စာလုံးလေးတွေ ဂဏန်းလေးတွေကို တိုတိုလေးတွေရိုက်ထားသူတွေ ခံရလေ့ရှိပါတယ် ။ ( ကျွန်တော့် လိုပေါ့ ကျွန်တော်အရင်က ပါ့စ၀ပ် အရှည်ကြီးရိုက်ရမှာကို အရမ်း ပျင်းတယ် ) ။ နောက်တစ်နည်းကတော့ နာမည်အ ရမ်းကြီးတဲ့ Key logger ဆော့ဝဲပါပဲ ။ အင်တာနက်ဆိုင်တွေမှာ hacker လို့အမည်ခံချင်တဲ့ ကလေးတွေ က လိုက်တင်လေ့ရှိတယ် ။ ပြီးတော့ ပြန်ဖော်ပြီး ဒီနေ့ ဂျီမေလ်း အကောင့် ဘယ်နှစ်ခု ဟက်လိုက် ပါသည် လို့ ခပ်တည်တည်ကြေငြာတာမျိုးပေါ့ ။

    Blogger များနှင့် User များ လုပ်ဆောင်ထားသင့်သည့်အချက်များ

    ၁ ။ မိမိဂျီမေးလ်ရဲ့setting ထဲက Account setting ထဲဝင်ပြီး ပါ့စ၀ပ်ကို အနည်းဆုံး ၂၈ လုံးအထက်ပြောင်းပါ ။ ( # $ % * & စတဲ့ Special character များပါပါစေ ။ ပါ့စ၀ပ် ၂၈ လုံး အထက် ဆို Hacking software တွေနဲ့ ဟက်လို့ မရဘူးလို့ နည်းပညာသမားတစ်ယောက်က ပြောပြဖူးပါတယ် ။ )

    ၂ ။ Secondary mail ကို ခိုင်မာသော မေးလ်တစ်ခုထည့်ထားပါ ။

    ၃ ။ ကိုယ်သုံးနေတဲ့ မေးလ်က အသက်တမျှ အရေးကြီးတဲ့မေးလ် ( ဥပမာ ဘလော့ဝင်တဲ့မေးလ် ) လိုမျိုးဆိုရင် 2 step verification လုပ်ထားပါ ။ 2 step ရဲ့သဘောက ပါ့စ၀ပ်မှန်အောင် ရိုက်ပြီးတာတောင် ဖုန်းထဲက နံပတ်နဲ့ အဲဒီအချိန်တူအောင်ရိုက်နိုင်မှ ပွင့်မှာဖြစ်ပါတယ် ။ အလွယ်တကူ hack မလွယ်ပါဘူး ။ ၂ ဆင့်ဖြစ်တဲ့အတွက် ပါ့စ၀ပ်သိယုံနဲ့ မလုံလောက်ပဲ ဖုန်းအကူအညီပါမှ ရနိုင်မှာပါ ။ Andriod OS သုံးတဲ့ဖုန်းတွေမှာ လုပ်လို့ရပါတယ် ။ မြန်မာနိုင်ငံမှာလည်းရပါတယ် ။ ကျွန်တော်အခု အဲဒီလိုလုပ်သုံးနေပါတယ် ။ ဂျီမေလ်း ၀င်ခါနီးရင် နည်းနည်းအ လုပ်ရှုပ်တာပေါ့လေ ။ ဒါပေမယ့် ၁၀၀ % စိတ်ချရပါတယ် ။

    ၄ ။ Security Question မှာ တခြားအရာတွေအစား ကိုယ့်ဖုန်းနံပတ် ထည့်ထားပါ ။ Password recover option ထဲက ဖုန်းထဲကို မက်ဆေ့ ပို့ဖို့လည်း ကိုယ့်ဖုန်းကိုထည့်ထားပါ ။

    ၅ ။ Blogger တွေအနေနဲ့ ဘလော့ရဲ့ Admin မေးလ်ကို ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ မသိတဲ့ ကိုယ်တစ်ယောက် တည်းသိတဲ့ မေလ်းထည့်ထားပါ ။ အဲဒီမေလ်းကို လူကြားထဲ ချမပြပါနဲ့ ။ အဲဒီမေးလ်ကို 2 step verification လုပ်ထားပါ ။ ပြီးရင် နောက်ဂျီမေးလ်တစ်ခုနဲ့ ကိုယ့်ဘလော့ကိုပဲ Contributor အကောင့်လုပ်ထားပါ ။ ဒါဆိုရင် Contributor အနေနဲ့ ပို့စ်တင်လို့ရမယ် တခြားဘလော့တွေ လျှောက်လည်ကွန်းမန့်ပေးလို့ရမယ် ။ အကယ်၍ လူကြားထဲ ချပြတဲ့မေလ်းအနေနဲ့ မတော်တဆ အဟက်ခံရလည်း ဘလော့မပျက်တော့ပါဘူး ။ Admin မေးလ် နဲ့ဝင်ပြီး အဟက်ခံရတဲ့မေးလ်ကိုထုတ် အသစ်ပြန်ထည့်ယုံပါပဲ ။ ကဲ 100 % စိတ်မချရပေဘူးလား ။

    ၆ ။ Facebook ပဲသုံးသုံး Gmail ပဲသုံးသုံးကိုယ်အရမ်းယုံကြည်ရတဲ့ လူဆီကဖြစ်စေ လင့် တစ်ခုပေးပြီဆိုရင် ဖွင့်သင့်မ ဖွင့်သင့်သေချာစဉ်းစားပါ ။ လင့် အတိုကောက်တွေက ပိုအန္တရာယ်များပါတယ် ။ Phishing link လား virus လား malware လား စဉ်းစားရမှာပါ ။ ကဲ ယုံကြည်လိုက်ပြီ နှိပ်လိုက်လို့ Sign in ၀င်ခိုင်းနေပြီဆိုရင်တော့ ချက်ချင်း သာ ပိတ်ပစ်လိုက်တော့ အဲဒါဟာ Phishing link ကျိန်းသေနေပါပြီ ။ ဂျီမေးလ်တို့ ဖေ့ဘုတ်တို့သည် တစ်ခါကိုယ် sign in ၀င်ထားပြီးသားကို ဘယ်တော့မှ နောက်တစ်ခါ ထပ်မ၀င်ခိုင်းဘူးဆိုတာ အသေမှတ်ထားဖို့ လိုပါတယ် ။

    ၇ ။ အင်တာနက်ဆိုင်မှာ သွားသုံးသူတွေအနေနဲ့ မှာချင်တာက desktop က gtalk icon တွေကို နှိပ်ပြီး မ၀င်ကြပါနဲ့ ။ အန္တရာယ်များပါတယ် ။ My Computer > Local disk C > Program files > Google > google talk .exe ကိုနှိပ်ပြီး ၀င်ကြပါ ။ Mozilla သုံးပြီးရင်လည်း clear recent history နှိပ်ဖို့ မမေ့ကြပါနဲ့ ။ တစ်ခါ အင်တာနက်ဆိုင်သွားသုံးတော့ Privacy ထဲက show password ကိုနှိပ်ကြည့်လိုက်တာ ဂျီမေးလ်အကောင့် ၅၀ လောက်ရဲ့ ပါ့စ၀ပ်တွေ မှတ်ထားတာတွေ့ရတယ် ။ ကျွန်တော်အံ့သြသင့်သွားပြီး အကုန်ပြန်ဖျက်ပေးခဲ့တယ် ။ ကျွန်တော်စက်တိုင်းကို လိုက်ဖျက်မပေးနိုင်ပါဘူး ။ အဲဒီလောက် မ အ ကြပါနဲ့ ။

    ဒါတွေအားလုံးဟာ ဂျီမေးလ်အကောင့် ၂ ခု အဟက်ခံရပြီးနောက် လော့ပြီး သိရှိလာတဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်း စာတွေပါ ။ စာလည်းရှည်သွားပြီမို့ ဒီမှာတင်ရပ်နားပါရစေ ။ အစ်မ အဖြူရောင်နတ်သမီးရေ ကိုယ်လုပ် တဲ့ အရိပ်က ကိုယ့်နောက်လိုက်နေမှာပါ ။ သူတို့လည်းသူတို့ ရွေးချယ်ကြပါလိမ့်မယ် ။ သူတို့ စိုက်ပျိုးတဲ့အသီး သူတို့ ပြန်လည် ရိတ်သိမ်း ရပါလိမ့်မယ် ။ ဖိုက်တင်း...... Angel !!!

    ( ဒီစာလေးကိုလည်း တတ်နိုင်သမျှ လက်ဆင့်ကမ်း ပေးကြစေလိုပါတယ် ။ )

    သက်တန့်ချို
    22 August 2011

    နတ်သမီးဗိုင်းရပ်စ်အကြောင်းကို ကိုလင်းဦး ဆိုက်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ် ။

    စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

    You might also like:

    No comments:

    Post a Comment

    ဝေဖန်မူလေးတော့ ရေးခဲ့ကြပါ ဗျာ............